Home
မြန်မာသတင်း
ရခိုင်တွင် ၈ လအတွင်း မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၁၂၈၀၀ ဖိုးခန့် ဖမ်းမိ
DVB
·
August 18, 2018
၂၀၁၈ ဇန်နဝါရီလကနေ သြဂုတ် ၁၆ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၁၂၈၀၀ ဖိုးလောက် ဖမ်းဆီးရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှုယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ ဇန်နဝါရီ ၁ ရက်နေ့ သြဂုတ်လ ၁၆ ရက်နေ့ အထိ ကျားက ၁၆၁ ဦး၊ မ၂၄ ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်ပေါင်း ၄,၂၆၃,၇၇၈ ပြား၊ ဆေးခြောက် ၁၄၀၉၀ ဂရမ်၊ စုစုပေါင်းတန်းဖိုး ကျပ်သန်းပေါင်း ၁၂,၇၉၁,၃၃၄,၀၀၀ ဖိုး ဖမ်းဆီးမိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် ပိုမိုဖမ်းဆီးရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပိုမိုဖမ်းဆီးရရှိရေးအတွက် ကုန်လမ်း ၃၇ နေရာ၊ ရေလမ်း ၄၈ နေရာ၊ ပိတ်ဆို့နေရာ ၁၈ တို့နဲ့ ဖမ်းဆီးဆောင်ရွက်နေတာတွေရှိတယ်လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။ “ကျနော်တို့ မူယစ်ဆေးဝါး နှိင်းနင်းတဲ့အခါမှာ အထူးစစ်ဆင်ရေးနဲ့ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီမှာ မေယု ၁ စစ်ဆင်ရေး၊ မေယု ၂ စစ်ဆင်ရေးဆိုပြီးတော့။ ပြီးခဲ့တဲ့ ၁ လလောက်ပဲ ဒီစစ်ဆင်ရေးပြီးသွားတယ်။ တကြိမ်လုပ်ရင် ကျနော်တို့ ၃ လောက်ကြာပါတယ်။ ဒီလိုလုပ်တဲ့အခါမှာလည်းအများအပြားဖမ်းဆီးရမိတာရှိပါတယ်။ လက်ရှိ အနေအထားမှာ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေ တိုးမြှင့် ဖမ်းဆီနိုင်ဖို့ကို ကုန်လမ်း ၃၇ နေရာ၊ ရေလမ်း ၄၈ နေရာနဲ့ ပိတ်ဆို့နေရာ ၁၈ နေရာပိတ်ဆို့ပြီးဆောင်ရွက်နေတာရှိပါတယ်”လို့ပြောပါတယ်။ ၂၀၁၈ ဇန်နဝါရီလက စတင်လို့ သြဂုတ် ၁၈ ရက်နေ့ထိ မြို့နယ်အသီးသီး မူးယစ်ဆေးဝါးဖမ်းဆီးရှရိခဲ့တဲ့ အမှုအရေအတွက်ကတော့ စစ်တွေမှာ ၅၃ မှု၊ ပုဏ္ဏားကျွန်းမှာ ၄ မှု၊ ရသေ့တောင်မှာ ၁မှု၊ ပေါက်တောမှာ ၁ မှု၊ မြောက်ဦးမှာ ၂ မှု၊ မြောင်ဘွေမှာ ၁ မှု၊ ကျောက်တော်မှာ ၇ မှု၊ မင်းပြားမှာ ၆ မှု၊ မြေပုံမှာ ၁ မှု၊ ကျောက်ဖြူမှာ ၁ မှု၊ မာန်အောင်မှာ ၂မှု၊ တောင်ကုတ်မှာ ၂ မှု၊ သံတွဲမှာ ၁ မှု၊ မောင်တောမှာ ၂၇ မှု၊ ဘူးသီးတောင်မှာ ၁၅ မှု စုစုပေါင်း၁၂၄ မှုတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၈ ဇန်နဝါရီလက စတင်ပြီး သြဂုတ် ၁၆ ရက်နေ့ အထိ ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ် ၁၇ ရက်နေ့ ညနေပိုင်းဖမ်းဆီးရရှိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား WY ၂၇ သိန်း စံချိန်တင် ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး တန်ဖို့အားဖြင့် ကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024