ၾသစေၾတးလ် တောမီး ငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်ပျက်ကျ၊ ၁ ဦး သေဆုံး

သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးစ်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တောမီးကို ရေကြဲ ငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်တစင်း သြဂုတ် ၁၇ ရက်မှာပျက်ကျခဲ့လို့ ရဟတ်ယာဉ်မှူး ၁ ဦးသေဆုံးခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ သစ်ပင်နဲ့ချိတ်မိပြီး ပျက်ကျရာကနေ ရဟတ်ယာဉ်မှူး သေဆုံးခဲ့တာလို့ ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်မှူးဟာ အလန်ထက်လ်ဆိုသူဖြစ်ပြီး ၂ဝ၁၆ ခုနှစ် တက်စ်မန်းနီးယား တောမီးကို ငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံရှိ ရဟတ်ယာဉ်မှူးဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ ဆစ်ဒနီမြို့တောင်ဘက် ၁၁၁ မိုင်အကွာက ဟတ်တာ ၁၇ဝဝ ကျော်မှာ လောင်ကျွမ်းနေတဲ့ ခင်ဂီမန်တောမီးကို မြေပြင်က မီးသတ်သမားတွေနဲ့အတူ ငြှိမ်းသတ်ပေးနေတဲ့ ရဟတ်ယာဉ်တွေထဲက တစင်းဖြစ်ပါတယ်။ နယူးဆောက်ဝေးစ်ပြည်နယ်တခုလုံး မိုးခေါင်နေတယ်လို့ အာဏာပိုင်တွေက ကြေညာပြီး တပတ်အကြာမှာ ပြည်နယ်ထဲမှာ တောမီးတွေ လောင်ကျွမ်းနေတာပါ။ လက်ရှိမှာ ပြည်နယ်တဝှမ်း တောမီးလောင်မှု ၇၅ ခုအထိ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up