အိန္ဒိယတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၆၄ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံ ကဲရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၁၆၄ ဦး အထိ ရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားတွေဟာ ရှာဖွေကယ်ဆယ်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ မျော်လင့်ထားတဲ့ အတွက် လူနှစ်သိန်းကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။ ဝန်ကြီးချုပ် နာရန်ဒါမိုဒီဟာလည်း  သြဂုတ်လ ၁၇ ရက်နေ့မှာ ရေဘေးသင့်ပြည်နယ်ကို လာရောက်ဖို့ရှိပြီး တပ်မတော်အနေနဲ့  ရှာဖွေကယ်ဆယ်ရေးကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ မျော်လင့်တယ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ကဲရာလာပြည်နယ်မှာ ဒီနှစ် မုတ်သုံစဝင်တည်းက ခါတိုင်းထက်  ၃၇ ရာခိုင်နှုန်း မိုးပိုမို ရွာသွန်းခဲ့ပြီး လွန်ခဲ့တဲ့ ၉ ရက်ကစတင် ရေကြီးခဲ့တာဖြစ်တယ်လို့   မိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up