တရုတ်ရိုးရာ ချစ်သူများနေ့ ကျီးရှီပွဲတော် ကျင်းပ

764
တရုတ်ရိုးရာ ချစ်သူများနေ့အဖြစ် ထင်ရှားတဲ့ ကျီးရှီပွဲတော်ကို သြဂုတ်လ ၁၇ ရက်နေ့က ဂွမ်ဒေါင်းနဲ့ ကျန်းစု ပြည်နယ်တွေမှာ ကျင်းပခဲ့ပါတယ်။
ရိုးရာ ဒဏ္ဍာရီလာ သိုးကျောင်းသားနဲ့ ယက်ကန်းမယ်တို့ တစ်နှစ်တစ်ခါ ဆုံတွေ့မှု အထိမ်းအမှတ်အဖြစ် ဒီပွဲတော်ကို ကျင်းပလာတာ နှစ်ပေါင် ၂ ထောင်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ဒဏ္ဍာရီ အဆိုအရ သူတို့မောင်နှံနှစ်ဦးဟာ သီးခြား ကြယ်နှစ်ခုအဖြစ် ကောင်းကင်ယံကို ရောက်ရှိပြီးနောက် နဂါးငွေ့တန်းကြောင့် ကွဲကွာသွားခဲ့ပါတယ်။
တနှစ်တခါ ဆိုသလို လူနာပြက္ခဒိန်ရဲ့ ၇ လမြောက် ၇ ရက်နေ့မှာ ငှက်ကျားအုပ်ဟာ ချစ်သူနှစ်ဦးကြား တံတားတစင်းအဖြစ် ပေါ်လာခဲ့ပြီး ချစ်သူ ၂ ဦး ပြန်လည်ဆုံစည်းရတယ်လို့ ဆိုပါတယ်။
တရုတ်လူမျိုးတွေဟာ သစ္စာကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ လှပတဲ့ ဘဝကို ရရှိဖို့ရာ နှစ်စဉ် နှစ်တိုင်း ဒီပွဲတော်ကို ဆင်နွဲပြီး ဆုတောင်းကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။