အသင်းတွင် မပျော်ရွှင်သည့် ကစားသမားများကို ထွက်ခွာခွင့်ပေးမည်ဟု ပိုချက်တီနို ပြော

အသင်းမှာ မပျော်ရွှင်ဖြစ်နေတဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးတော့မယ်လို့ စပါးအသင်းရဲ့နည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ အသင်းကနေ ထုတ်ရောင်းမယ့် ကစားသမားစာရင်းမှာတော့ ဘယ်လ်ဂျီယံနောက်ခံလူ တိုဘီ အန်ဒါဝီးလ်၊ အင်္ဂလန်နောက်ခံလူ ဒန်နီရို့စ်၊ ကီဗင်အန်ကိုဒူ၊ ဗင်းဆင့်ဂျန်ဆန်တို့ ပါဝင်နေပါတယ်။ ပိုချက်တီနိုက သူ့အနေနဲ့ အသင်းမှာ စပါးကစားသမား မဖြစ်ချင်တဲ့သူတွေကို ထွက်ခွင့်ပေးထားပေမယ့် ဇန်နဝါရီလ မတိုင်ခင်အထိ အဲဒီကစားသမားတွေနေရာမှာ အစားထိုးဖို့ ခေါ်ယူခွင့်မရရှိဘူးလို့ ဆိုပါတယ်။ စပါးအသင်းအနေနဲ့ အခုရာသီအစမှာ ကွင်းအခက်အခဲတွေလည်း ရှိနေပြီး ကိုယ်ပိုင်ကွင်း ဝှိုက်ဟတ်လိန်းကို ၆၂၀၀၀ ဆန့်အဖြစ် ပြင်ဆင်နေတာလည်း မပြီးဆုံးသေးသလို အိမ်ကွင်းအဖြစ် လက်ခံကျင်းပနေတဲ့ ဝင်ဘလေကွင်းကလည်း ပြိုင်ပွဲတချို့ ကျင်းပဖို့ရှိနေပါတယ်။ NFL အမေရိကန် Football ပြိုင်ပွဲတွေကို ကျင်းပဖို့ ရှိနေလို့ မန်စီးတီးနဲ့ကစားမယ့်ပွဲစဉ်ကို ဆိုင်းငံ့ထားရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up