ရမ်ဆေးကို စာချုပ်သစ်ထပ်ချုပ်နိုင်မည်ဟု အာဆင်နယ်ယုံကြည်

ဓာတ်ပုံ - Getty Images
အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးနဲ့ စာချုပ်သစ် ထပ်ချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် ရမ်ဆေးရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီမှာ ကုန်ဆုံးမှာပါ။ လောလောဆယ်မှာ ရမ်ဆေးကို ဘာစီလိုနာနဲ့ လာဇီယိုအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် တရုတ်စူပါလိဂ်ကလပ်တွေကလည်း သူ့ကိုခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ အာဆင်နယ်ဟာ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးကို တပတ် ပေါင် ၃ သိန်းခွဲပေးပြီး စာချုပ်သစ် ချုပ်ဆိုထားပါတယ်။ ဝေးလ်လက်ရွေးစင် ရမ်ဆေးကလည်း လုပ်ခလစာ တိုးမြှင့်ပေးပြီး အာဆင်နယ်က ကမ်းလှမ်းလာရင် စာချုပ်သစ်ကို ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up