Home
မြန်မာသတင်း
အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ ကုမ္ပဏီထောင် စီးပွားရေးလုပ်မည်
ပြည့်ဘုန်းအောင်
·
August 16, 2018
အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့တို့ ပူးပေါင်းပြီး  စီးပွားရေး ကုမ္ပဏီတစ်ခု ထူထောင်ဖို့ စီစဉ်နေပြီး လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်း အမျိုးအစားကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက PNLO ပအိုဝ်းလက်နက်ကိုင်အဖွဲ့၊ CNF ချင်းလက်နက်ကိုင်အဖွဲ့၊ ALP ရခိုင်အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ DKBA ကရင်အဖွဲ့နဲ့ ကရင်လက်နက်ကိုင် PC အဖွဲ့တို့ ပေါင်းပြီး စီးပွားရေးကုမ္ပဏီ ထူထောင်ဖို့ စီစဉ်နေတာပါ။ ဒီကုမ္ပဏီကို လာမယ့်စက်တင်ဘာမှာ ကုမ္မဏီမှတ်ပုံတင်မှာဖြစ်ပေမယ့် လုပ်ကိုင်မယ့် စီးပွားရေး လုပ်ငန်းကိုတော့ မဆုံးဖြတ်ရသေးဘူးလို့သက်ဆိုင်ရာ  PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဦးခွန်မြင့်ထွန်းကပြောပါတယ်။ “ဒီကုမ္ပဏီမှာ သက်ဆိုင်အဖွဲ့တွေက ခေါင်းဆောင် ကိုယ်စားလှယ်တယောက်ဆီက ပါဝင်ပြီး ဆောင်ရွက်မှာပါ။ အခုလို စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရခြင်းဟာ အဖွဲ့တွေရဲ့ ရေရှည်ရပ်တည်ရေးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေရဲ့ရပ်တည်ရေးကြောင့်ပါ” လက်နက်ကိုင်အဖွဲ့တွေ စီးပွားရေးလုပ်ကိုင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့လည်း ကူညီပံ့ပိုးမယ်လို့ မျှော်လင့်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မယ့် PPP စနစ်ကိုလည်း တိုးတက်စေမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ကုမ္ပဏီရုံးခန်းဖွင့်လှစ်မယ့်နေရာကို မရွေးချယ်ရသေးပါဘူး။ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော်တောင်ပိုင်း   RCSS/SSA တို့က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ တည်ထောင်လုပ်ကိုင်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024