စီအိုင်အေ အကြီးအကဲဟောင်းအား အရေးကြီး သတင်းအချက်အလက် ရယူခွင့် ပိတ်ပင်

သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ဝေဖန်လေ့ရှိတဲ့ စီအိုင်အေ အကြီးအကဲဟောင်း ဘရန်နန်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ရယူခွင့်ကို သြဂုတ် ၁၅ ရက်နေ့က ပိတ်ပင်လိုက်ပါတယ်။ အဲဒီလိုပိတ်ပင်ကြောင်း သမ္မတ ထရမ့်ရဲ့ ကြေညာချက်ကို အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး ဆာရာဆန်းဒါးစ်က ကြေညာခဲ့တာပါ။ အဲဒီကြေညာချက်မှာ ဘရန်နန်ရဲ့ မူမမှန်တဲ့လုပ်ရပ်နဲ့ အပြုအမူတွေကို ဖော်ပြထားပါတယ်။ ဘရန်နန်ကတော့ အိမ်ဖြူတော်ရဲ့ ကြေညာချက်ဟာ “လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ပြီး ဝေဖန်ထောက်ပြသူတွေကို အပြစ်ပေးဖို့ ကြိုးပမ်းတဲ့လုပ်ရပ်” လို့ တွစ်တာကနေတဆင့် တုံ့ပြန်ထားပါတယ်။ ဘရန်နန်ဟာ ဇူလိုင်လကလုပ်ခဲ့တဲ့ အမေရိကန်နဲ့ ရုရှားသမ္မတတွေရဲ့ တွေ့ဆုံမှုကို  “နိုင်ငံတော်သစ္စာဖောက်မှု” အဖြစ် ဝေဖန်ခဲ့ဖူးကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up