ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီကို ရိုးမား ခေါ်ယူ

ရိုးမားအသင်းဟာ ဆီဗီလာ ကွင်းလယ်ကစားသမား အန်ဇွန်ဇီကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိ ပြင်သစ်ကစားသမား အန်ဇွန်ဇီကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ရိုးမားအသင်းက ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ အန်ဇွန်ဇီဟာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ဖူးတဲ့ ဘလက်ဘန်းနဲ့ စတုတ်စီးတီး အသင်းတွေမှာ ကစားဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာ စပိန်ကလပ် ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ပြင်သစ်အသင်းကို ချန်ပီယံဆုဖလားရရှိအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up