နည်းပြကွန်တီသာ ဆက်ရှိနေပါက ချဲလ်ဆီးတွင်ကစားရန် အခွင့်အရေးရမည် မဟုတ်ဟု ဝီလျံ ပြော

နည်းပြကွန်တီသာ ဆက်ရှိမယ်ဆိုရင် အသင်းမှာကစားဖို့ အခွင့်အရေးရမှာ မဟုတ်ဘူးလို့ ချဲလ်ဆီးကွင်းလယ်ကစားသမား ဝီလျံက ပြောလိုက်ပါတယ်။ ဝီလျံဟာ ချဲလ်ဆီးနည်းပြ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီနှစ်နွေရာသီမှာ နည်းပြကွန်တီကို ချဲလ်ဆီးအသင်းက ထုတ်ပယ်လိုက်တာကြောင့် အသင်းမှာဆက်ရှိတာ ဖြစ်တယ်လို့ ဝီလျံက ဆိုပါတယ်။ ဘရာဇီးလက်ရွေးစင် ဝီလျံကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အသင်းပြောင်းရွှေ့ခြင်း မရှိတာဟာ အသင်းမှာ ဆက်ကစားချင်လို့ဖြစ်ပြီး အသင်းက အလိုမရှိရင်တော့ ထွက်ခွာသွားမှာဖြစ်တယ်လို့ ဝီလျံက ဆိုပါတယ်။ ဝီလျံဟာ နည်းပြသစ် ဆာရီ လက်ထက်မှာတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ခြေစွမ်းပြ ကစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up