ပျော်ဘွယ်မြို့နယ်၌ ကလေးငယ် ၁ ဦး ခွေးများ ဝိုင်းကိုက်ခံရ၍ ဒဏ်ရာအပြင်းအထန်ရ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှာ ကလေးတယောက်ကို ခွေးတွေ ဝိုင်းကိုက်ခံရပြီးနောက် သေဆုံးသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ မနေ့မနက် ၉ နာရီခွဲက ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းရွာနေ အသက် ၄ နှစ်အရွယ် မဖူးဝေအောင်ဟာ အိမ်အပြင်ဘက်ကို ထွက်သွားရာမှာ အိမ်အနီးဓမ္မာရုံနားက ခွေးလေခွေးလွင့် ၅ ကောင်က ဝိုင်းကိုက်တာ ခံခဲ့ရပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ခေါင်းတခုလုံး စုတ်ပြဲပြီး ခန္ဓာကိုယ်မှာလည်း စိုးရိမ်စရာ ဒဏ်ရာတွေရလို့ ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ ယင်းတော်တိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ရောက်ပြီး မိနစ် ၂၀ လောက်အကြာမှာ သေဆုံးသွားခဲ့လို့ ပျော်ဘွယ်မြို့မ ရဲစခန်းမှာ သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - လရောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up