တိုက်စစ်တွင် လာကာဇက်တီနှင့် အတူတွဲကစားခွင့်ပေ့းရန် အော်ဘာမီယန်း တောင်းဆို

အာဆင်နယ်တိုက်စစ်မှာ လာကာဇက်တီနဲ့ အတူတွဲကစားခွင့်ပေးဖို့ အော်ဘာမီယန်းက တောင်းဆိုလိုက်ပါတယ်။ တိုက်စစ်မှူး လာကာဇက်တီနဲ့ မိမိဟာ တဦးနဲ့တဦး နားလည်မှုရှိပြီး  အတူတွဲကစားမယ်ဆိုရင် အသင်းအတွက် ပိုကောင်းနိုင်တယ်လို့ အော်ဘာမီယန်းက ESPN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ လာကာဇက်တီကို ဗဟိုတိုက်စစ်မှူးနေရာမှာ ထားမယ်ဆိုရင် မိမိအနေနဲ့လည်း တောင်ပံထွက်ကစားရတာဟာ ကိစ္စမရှိတဲ့အကြောင်းနဲ့ မန်စီးတီးနဲ့ပွဲတုန်းက အဲဒီလိုကစားခဲ့တာက အသင်းတိုက်စစ်ကို ပိုကောင်းစေခဲ့တယ်လို့ အော်ဘာမီယန်းက ဆိုပါတယ်။ ဒါ့အပြင် နည်းပြသစ်နဲ့ အတူလက်တွဲရတာ မကြာသေးသလို ကစားသမားသစ်တွေလည်း ပါဝင်တာကြောင့် အံဝင်ဖို့ အချိန်အနည်းငယ် လိုသေးတယ်လို့ အော်ဘာမီယန်းက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်မှာ မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့်အပတ်မှာလည်း ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ ထပ်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up