လျှို့ဝှက်သည်းဖို အတ္ထုပ္ပတ္တိ ဒရာမာရုပ်ရှင် ပရိသတ်အကြိုက် Billionaire Boys Club ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ် လျှို့ဝှက်သည်းဖို အတ္ထုပ္ပတ္တိ ဒရာမာရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Billionaire Boys Club ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းမ်စ်ကောက်စ်က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန်နိုင်ငံရဲ့ ၁၉၈၀ ပြည့်နှစ်ကာလကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့က ဟားဗတ်ကျောင်းဆင်း ကောင်လေး ၄ ယောက်ဟာ ရင်းနှီးမြှုပ်နှံမှုကလပ်တခုကို တည်ထောင်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အချိန်တိုအတွင်းမှာ အမြန်ဆုံး ကြွယ်ဝချမ်းသာလာဖို့။ ဒါပေမယ့် နောက်ပိုင်း အဲဒီရန်ပုံငွေတွေ ကုန်သွားချိန်မှာ သူတို့ကလပ်ထဲမှာ ရင်းနှီးမြှုပ်နှံသူတဦးကို ပြန်ပေးဆွဲပြီး လူသတ်မှုတွေ ကျူးလွန်တဲ့ထိ ဖြစ်လာခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သည်းထိတ်ရင်ဖို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အမေရိကန်မင်းသား အဲန်ဆယ်လ် အယ်လ်ဂေါ့တ်၊ တဲရွန်အက်ဂါတန်၊ ကယ်ဗင်စပေဆီတို့နဲ့အတူ မင်းသမီး အမ်မာရောဘတ်စ်၊ ဘီလီလော့ဒ်တို့က အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.6 ထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေ၊ သရုပ်ဆောင်မှုတွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up