ဆီးရီးယားတွင် လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၉ ဦးအထိ မြင့်တက်

ဓာတ်ပုံ - VOA
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အစ်ဒလစ်ပြည်နယ်မှာ လက်နက်သိုလှောင်ရုံအဖြစ် အသုံးပြုထားတယ်လို့ ယုံကြည်ရတဲ့ အဆောက်အဦတခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၉ ဦးအထိ မြင့်တက်လာပါတယ်။ သြဂုတ် ၁၂ ရက်နေ့က ဆာမာဒါမြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။ အဆောက်အဦ အောက်ဆုံးထပ်ရှိ လက်နက်သိုလှောင်ရုံ ပေါက်ကွဲပြီးနောက် အထပ်မြင့်အဆောက်အဦတခုလုံး ပြိုကျခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ တချိန်တည်းမှာပဲ နောက်ဆုံး သူပုန်ခံတပ်ရှိရာ အီဒလစ်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့ရာ အစိုးရစစ်တပ်က တပ်ကူတွေ ကြိုတင်စေလွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရ ရဟတ်ယာဉ်တွေဟာ အီဒလစ် အရှေ့ပိုင်းဒေသတွေအပေါ် လက်နက်ချဖို့ တိုက်တွန်းတဲ့ စာရွက်တွေ ကြဲချခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up