ထိုင်ဝမ်ကျွန်း ဆေးရုံတရုံ မီးလောင်၊ ၁၆ ဦး သေဆုံး

ထိုင်ဝမ်ကျွန်း နယူးတိုင်ပေရှိ ဆေးရုံတခုမှာ ဒီနေ့မနက်က မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မီးလောင်မှုကြောင့် လူ ၃ ဦး သတိမေ့မျောခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း  ဒေသခံ မီးသတ်ဌာနက ပြောပါတယ်။ မီးသတ်ဌာနအဆိုအရ မနက် ၄ နာရီခွဲဝန်းကျင်မှာ ဆေးရုံ ၇ ထပ်ရှိ လူနာဆောင်တခုကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲဒီအထပ်မှာ လူနာ ၃၂ ဦးရှိတယ်လို့ သိရပါတယ်။ မီးသတ်ယာဉ် ၇၆ စီးနဲ့ မီးသတ်သမား ၂၀၈ ဦး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မနက် ၅ နာရီခွဲမှာ မီးငြှိမ်းနိုင်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up