ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ၂ သောင်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက တောမီးဟာ မြန်မြန်ဆန်ဆန်ရွေ့လျား လောင်ကျွမ်းနေလို့ တောမီးလောင်နိုင်ခြေရှိတဲ့ လမ်းကြောင်းတလျှောက်က လူပေါင်း နှစ်သောင်းတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာ ပြောင်းရွှေ့နေရပါတယ်။ Orange စီရင်စုနယ်ထဲက ဟိုလီတောမီးဟာ အယ်လ်စီနော ရေကန်တစ်လျှောက်က နေအိမ်တွေကို ခြိမ်းခြောက်နေလို့ ဘေးလွတ်ရာပြောင်းရွှေ့ နေထိုင်မိန့်ထုတ်ထားပါတယ်။ ပြည်နယ်အတွင်း လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက တခုဖြစ်တဲ့ ဟိုလီတောမီးဟာ ဆန်ဒီယေးဂိုးမြို့မြောက်ပိုင်းက သစ်တောဧက တစ်သောင်းကိုးထောင်ကျော်လောက်ကို လောင်ကျွမ်းထားပြီးဖြစ်ပါတယ်။ ပြည်နယ်အာဏာပိုင်တွေကတော့ တောမီးတွေကြောင့် နေအိမ် ကိုးထောင်နီးပါး မီးဘေးအန္တရာယ်ကျရောက်နိုင်ချေရှိတယ်လို့ ပြောထားပါတယ်။ နောက်ထပ်လောင်ကျွမ်းနိုင်ချေရှိတဲ့ တောမီးတွေကို မီးသတ်သမားတွေနဲ့အတူ စေတနာ့ဝန်ထမ်းတွေလည်း ကူညီငြှိမ်းသတ်ပေးနေတယ်လို့ VOA သတင်းမှာဖော်ပြပါတယ်။ ပြည်နယ်သမိုင်းမှာ အကြီးမားဆုံး တောမီးလို့ ကြေညာခံထားရတဲ့ မန်ဒိုစီနိုတောမီးဟာ အခုလကုန်ပိုင်းအထိ ဆက်လောင်နိုင်တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ ပြည်နယ်မြောက်ပိုင်းက ခါးရ်တောမီးကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ ၁,၅ဝဝ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ပြည်နယ်တဝှမ်းမှာ မီးသတ်သမား ၁၄,ဝဝဝ ကျော် မီးငြှိမ်းသတ်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up