တရုတ်တွင် မိုးသည်းထန်မှုကြောင့် ခရီးသွားလည်ပတ်မှုအများဆုံးနေရာ ၁၇၀ ပိတ်ထား

တရုတ်နိုင်ငံမှာ သြဂုတ်လ ၁၁ ရက် မနက်ပိုင်းကတည်းက ရွာသွန်းနေတဲ့မိုးကြောင့် အာဏာပိုင်တွေဟာ မွန်းလွဲပိုင်းမှာ  မဟာတံတိုင်းအပါအဝင် ခရီးသွားတွေ လည်ပတ်မှုအများဆုံးနေရာ ၁၇ဝ ကို ပိတ်ထားလိုက်ပါတယ်။ တနင်္လာနေ့အထိ မိုးဆက်ရွာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ပိတ်ထားတာဖြစ်ပြီး အဲဒီနေရာတွေကို ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာ မသိရသေးပါဘူး။ တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းချီးပြည်နယ်မြို့တော် ထိုက်ယွမ်မြို့မှာတော့ မိုးသည်းမှုအပြီး ရေကြီးခဲ့တာကြောင့် မြို့တွင်းလမ်းတွေ ရေလျှံခဲ့ပါတယ်။ ပြည်နယ်အတွင်း မြို့တော်တော်များများမှာ မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ကို အဝါရောင်အဆင့်၊ မိုးသည်းမှုကို အပြာရောင်အဆင့်သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့သလို ဒေသခံတွေအနေနဲ့ မိုးသည်းမှု၊ မြေပြိုမှုနဲ့ ရွှံ့ပြိုကျမှုတွေကို သတိရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မိုး်သည်းမှု နောက်ဆက်တွဲ တောင်ကျရေတွေကြောင့် လမ်းတချို့နဲ့ လှိုဏ်ခေါင်းတွေ ပျက်စီးခဲ့ပြီး ယာဉ်တချို့ ပိတ်မိနေခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိခဲ့ဘူးလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

More News
Up