အင်ဒိုတွင် ငလျင်ကြောင့် သေဆုံးသူ ၃၈၅ ဦးရှိပြီး၊ အဆောက်ဦအောက် ပိတ်မိနေသူ များပြားနိုင်

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ ပြင်းအား ၇ အဆင့်ရှိ  မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေ ၃၈၅ ဦးအထိ မြင့်တက်လာတယ်လို့ ဒေသခံမီဒီယာက သြဂုတ်လ ၁ဝ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အဆောက်အဦ အပြိုအပျက်တွေအောက်မှာ ပိတ်မိနေသူ အများအပြား ရှိနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ် ၅ ရက်နေ့ မြေငလျင်ကြောင့် ဒဏ်ရာ ကြီးကြီးမားမားရသူ ၁,ဝ၃၃ ဦးရှိပြီး လူပေါင်း ၂၇ဝ,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ အမျိုးသားဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ လွမ်ဘော့ကျွန်းမြောက်ပိုင်းဟာ သေဆုံးသူ အများဆုံးဖြစ်ပြီး ၂၁၂ ဦး သေဆုံးခဲ့တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up