မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နာမည်ကြီး ချဲလ်ဆီးအသင်းက ဟက်ဒါဖီးအသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။
ဟက်ဒါဖီးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်း ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၃၄ မိနစ်မှ ကန်တီက ၁ ဂိုး၊ ၄၅ မိနစ်မှာ ဂျော်ဂျင်ဟိုက ပင်နယ်တီကတဆင့် ၁ ဂိုးနဲ့ ပွဲချိန် မိနစ် ၈၀ မှာ ပက်ဒရိုက ၁ ဂိုးသွင်းယူခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် အခြားပွဲစဉ်တွေမှာတော့ ဘုန်းမောက် ၂-၀ ကာဒစ်၊ ဖူဟမ် ၀-၂ ခရစ်စတယ်ပဲလေ့စ်၊ ၀က်ဖို့ဒ် ၂-၀ ဘရိုက်တန်၊ ၀ုဗာဟမ်တန် ၂-၂ အဲဗာတန် စသဖြင့် အသီးသီး ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ သွင်းဂိုးအများဆုံးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။