ကျောင်းများတွင် ချိတ်ဆွဲရန် အတိုင်ပင်ခံပုံတူပန်းချီကားရေးဆွဲ (ဓာတ်ပုံ)
DVB
·
August 11, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေကို ပျဉ်းမနားမြို့က စာသင်ကျောင်းတွေမှာ ချိတ်ဆွဲနိုင်ဖို့အတွက် ရေးဆွဲနေတယ်လို့ အလှူရှင်တဦးက ပြောပါတယ်။
သြဂုတ် ၁၁ ရက်နေ့ ပျဉ်းမနားမြို့မှာ ပန်းချီဆရာ လဂွန်းအိမ်အပါအဝင် ဒေသခံ ပန်းချီဆရာ ခြောက်ဦးက ပန်းချီကား ၆ ကား ရေးဆွဲကြတာပါ။
"ရည်ရွယ်ချက်ကတော့ စာသင်ကျောင်းခန်းမတွေမှာ လူထုခေါင်းဆောင်ပုံကိုထားပြီး ကလေးတွေ နေ့တိုင်းအမြဲတမ်းမြင်တွေ့နေအောင်၊ ကျနော်တို့က မတွေ့တာကြာရင် မေ့တာတွေရှိတယ်။ အနာဂတ်ကလေးတွေကြတော့ သူ့ရဲ့ပုံကို အမြဲတမ်းမြင်ရင်တော့ သူ့ရဲ့ ကျေးဇူးတရားကို အောက်မေ့နေရင် ကောင်းတာပေါ့” လို့ ကမကထပြုလုပ်ပေးသူ ကိုဖိုးထောင်က ပြောပါတယ်။