တောမီးလောင်ကျွမ်းမှုမှတဆင့် ဓာတုညစ်ညမ်းမှု မပြန့်စေရန် ဂရိကြက်ခြေနီအဖွဲ့ လုပ်ဆောင်

ဂရိနိုင်ငံမြို့တော် အေသင်ပြင်ပမှာ ဇူလိုင်လ နှောင်းပိုင်းတုန်းက ဖြစ်ခဲ့တဲ့တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုညစ်ညမ်းမှု မပြန့်အောင် ဂရိကြက်ခြေနီအဖွဲ့က စီမံချက်ချ လုပ်ဆောင်နေပါတယ်။ တောမီးကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့တဲ့နေရာဟာ ရာဖီနာနဲ့ မာ့ခစ်မြို့တွေကြား ကမ်းခြေတလျှောက်က လူနေအရပ်မှာဖြစ်လို့ မီးလောင်အပြီး လေထုညစ်ညမ်းမှုတွေကို လာမယ့်ကိုးလအတွင်း ဘယ်လိုဖြေရှင်းသွား မယ်ဆိုတာကို အစီအစဉ်ရေးဆွဲမယ်လို့ ဂရိကြက်ခြေနီအဖွဲ့ကပြောပါတယ်။ တောမီးလောင်ရာကနေ ဓာတုပစ္စည်းဒိုင်အောက်ဆင်၊ ပြဒါး၊ ခဲစတဲ့သတ္တုတွေ၊ ကာဗွန်နဲ့ဟိုက်ဒိုဂျင်သာပါတဲ့ဓာတုဓာတ်ပေါင်းတွေနဲ့ တခြား ဓာတု အဆိပ်ညစ်ညမ်းပစ္စည်းတွေ ထွက်ခဲ့တယ်လို့ ဂရိကြက်ခြေနီအဖွဲ့ ကပြောပါတယ်။ ဒါ့ကြောင့် ဂရိနိုင်ငံသားတွေအနေနဲ့ တောမီးလောင်ခဲ့တဲ့ နေရာတွေကို သွားလာ ဝင်ရောက်မယ်ဆိုရင် အချိန်ကြာကြာမနေဖို့ လိုအပ်တဲ့ အကာအကွယ်တွေ ဝတ်ဆင်ပြီးသွားလာဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဂရိတောမီးတွေကြောင့် လူပေါင်း ၉၃ ဦးသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up