Home
မြန်မာသတင်း
မ​ကွေးတိုင်း​တွင် ၁ နှစ်အတွင်း စားသုံးရန်​မသင့်ပစ္စည်း ၁၁ဝဝဝေ​ကျာ်​ သိမ်းဆည်းခဲ့
DVB
·
August 11, 2018
မ​ကွေးတိုင်း​ဒေသကြီး ခရိုင် ၅ ခုမှာ တနှစ်အတွင်း စားသုံးရန်​မသင့်တဲ့ သက်​တမ်းလွန်​ ပစ္စည်း ၁၁ဝဝဝေ​ကျာ်​ သိမ်းဆည်းဖျက်​ဆီးခဲ့တယ်​လို့ တိုင်း​ဒေသကြီး စားသုံးသူ​ရေးရာ ဦးစီးဌာနက ပြောပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး စားသုံးသူ​ရေးရာဦးစီးဌာနက လက်​​ထောက်​ ညွှန်​ကြား​ရေးမှူး ​ဒေါ်​အေး​အေးမိုးက “၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍနှစ်​မှာ မ​ကွေးတိုင်း​ဒေသကြီးအတွင်းက သက်​တမ်းလွန်​ကုန်​ပစ္စည်း အမျိုးအစား​ပေါင်း ၁ဝဝဝ၊ အ​ရေအတွက်​ ၁၁၁၆၂ ခု၊ တန်​ဖိုးအားဖြင့် သိန်း ၃ဝ ​ကျော်​ဖိုးခန့်​ သိမ်းဆည်းခဲ့ပြီး၊ ကွင်းဆင်းစစ်​​ဆေးတဲ့ ကြိမ်​​ရေ​ပေါင်းက ၃၂၇ ကြိမ်​ရှိပါတယ်​။ မီးရှို့ဖျက်​ဆီးတာက ၁၅ ကြိမ်​ရှိပါတယ်​။ ခရိုင်​​တွေမှာ ခွဲပြီးဖျက်​ဆီးရတာက စားသုံးရန်​မသင့်တဲ့ သက်​တမ်းလွန်​ပစ္စည်း​တွေကို ဖျက်​ဆီးတာကို ခရိုင်​​တွေမှာရှိတဲ့ ပြည်​သူ​တွေကို သိရှိ​စေချင်​လို့ဖြစ်​တယ်​" လို့ ဒီဗွီဘီကို​ပြောပါတယ်​။ လက်ရှိမှာ ၂ဝ၁၄ စားသုံးသူအကာကွယ်ပေးရေး ဥပ​ဒေကို ကျင့်​သုံ​နေပြီး ပြင်​ဆင်​တဲ့ ဥပ​ဒေမှာ ကုလသမဂ္ဂက ချမှတ်​ထားတဲ့ အချက်​ ၈ ချက်​ကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ေ​ဘးဥပဒ်​ အန္တရာယ်​ ကင်းရှင်းစွာ အသုံးပြုနိုင်​မှု၊ ​ရွေးချယ်​နိုင်​ခြင်းနှင့် ဝန်​ခံကတိပြုမှု၊ အာမခံနိုင်​မှုတို့အတိုင်း ရရှိနိုင်​ခြင်း၊ သတင်းအချက်​အလက်​ပြည်​စုံစွာ ရရှိ​နိုင်​​စေခြင်းနှင့် နစ်​နာဆုံးရှုံးမှုတို့အတွက်​ တင်​ပြတိုင်​တန်းကြားနာ​စေမှု၊ သင်​ယူ​လေ့လာနိုင်စေမှုနဲ့ မျှတ​သောဆက်​ဆံ​ရေးနဲ့ ဝန်​​ဆောင်​မှုတို့ ရရှိနိုင်​​စေမှု​​၊ ကောင်းမွန်​​သောပတ်​ဝန်းကျင်​ရှိမှုတို့ ဖြစ်​ပါတယ်။ မ​ကွေးမြို့နယ်​ စားသုံးသူ​ရေးရာ ဦးစီးဌာန ဦးစီးမှူး ဦး​အောင်​စိုးက "မ​ကွေးမြို့ ​ဈေး ၅ ​ဈေး အပြင်​ ရပ်​ကွက်​ ၁၅ ရပ်​ကွက်​၊ ​ကျေးလက်​​တွေမှာ ​ရောင်းချ​နေတဲ စား​သောက်​ကုန်​​တွေကို ဗုဒ္ဓဟူး​နေ့တိုင်း ကွင်းဆင်းစစ်​​ဆေးမှု​တွေလုပ်​တယ်​။ ကြုံ​တွေ့နေရတဲ့ အခက်​ခဲက​တော့ ​ညွှန်​ကြားချက်​အတိုင်​ ၂ဝ၁၄ ဥပ​ဒေနဲ့ အ​ရေးယူမယ်​ဆိုရင်​ ​ပြောင်းလဲချိန်​တန်​ပြီဆိုတဲ့​ ဆောင်​ပုဒ်​အတိုင်း ပြည်​သူက လိုက်​ပါ​ပြောင်းလဲမှု အားနည်း​နေတယ်​။ ​ရောင်းချ​နေတဲ ပစ္စည်း​တွေက ထုတ်​ကုန်​လုံခြုံ စိတ်​ချမှုမရှိတဲ့ အပိုင်းမှာအများကြီး​တွေ့​နေရတယ်​။ မ​ကွေမြို့က ဆိုင်​​တော်​​တော်​များများ​တော့ လိုက်​လုပ်​​နေပါတယ်​။ အသိပညာ​ပေးတာ​တွေ လုပ်​​ပေမယ့် လိုက်​နာ​ဆောင်​ရွက်​မှု အားနည်း​နေပါတယ်​” လို့ ပြောပါတယ်​။ အဆိုပါ စားသုံးသူ အကာကွယ်​​ပေး​ရေး ဥပ​ဒေကို ပြည်​​ထောင်​စု လွှတ်​​တော်​အမှတ်​ ၁ဝ/၂ဝ၁၄ နဲ့ ၂ဝ၁၄ခုနှစ်​ မတ်​ ၁၄ ရက်​​နေ့မှာ ပြဋ္ဌာန်းလိုက်​တာဖြစ်​ပြီး အသစ်​ထပ်​မံ ဖြည့်​စွက်​ ​ရေးဆွဲပြီး လွှတ်​​တော်​ကို တင်​ပြထားတယ်​လို့လည်း မ​ကွေးတိုင်း​ဒေသကြီး စားသုံးသူ​ရေးရာ ဦးစီးဌာနက သိရပါတယ်​။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024