ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲ အဟောင်းက ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၁,၇၅ဝ  ကျပ်ကနေ ငွေကျပ် ၄၂,၄၅ဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၇ဝဝ ကျပ် ဈေးတက်သွားပါတယ်။ မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄ဝ,ဝဝဝ ကျပ်ကနေ ငွေကျပ် ၄၅,ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၂,၅၅ဝ  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၆,၄ဝဝ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း အပြောင်းအလဲ မရှိပါဘူး။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၄,ဝဝဝ ကျပ်ကနေ ငွေကျပ် ၄၄,၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁,၉ဝဝ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ v2 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၇,၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,ဝဝဝ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၅,ဝဝဝ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၆ဝဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။ နှမ်းနက် မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၂ဝ,ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၁၃၅,ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၅,ဝဝဝ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၂,ဝဝဝ ကျပ်ကနေ ၂,ဝ၂ဝ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၇ဝ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တပိဿာကို ၂,ဝဝဝ ရှိပြီး တပိဿာကို ၅ဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂ဝ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စီပီပြောင်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၁,ဝဝဝ ကျပ်ကနေ ငွေကျပ် ၃၂,ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၃၁,၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅ဝဝ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၅ဝဝ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ဖော်ပြထားတဲ့ သီးနှံတွေထဲက စားအုန်းဆီကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တပိဿာကို ၃ဝဝ ကျပ်နီးပါး ဈေးတက်လာခဲ့ပါတယ်။ မြန်မာ ငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် နိုင်ငံခြားက အဓိကတင်သွင်းတဲ့ စားအုန်းဆီက ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။   သတင်း - AMIA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up