ဘာစီလိုနာ ဗဟိုခံစစ်မှူး မီနာကို အဲဗာတန် ခေါ်ယူ

အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာစီလိုနာ ဗဟိုခံစစ်မှူး ရယ်ရီ မီနာကို ပေါင် ၂၈ ဒသမ ၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ ကိုလံဘီယာ လက်ရွေးစင် ကစားသမားဖြစ်တဲ့ မီနာဟာ အဲဗာတန်အသင်းကို တပတ်လုပ်ခ ပေါင် ၁ သိန်းနဲ့ ၂၀၂၃ ခုနှစ်အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။ အသင်းကို အပြီးသတ်ရောက်ရှိခဲ့တဲ့ မီနာက သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို အချိန်အကြာကြီး ကြည့်ဖူးတယ်၊ အကောင်းဆုံးလိဂ်ဖြစ်သလို အဲဗာတန်အသင်းရဲ့ တိုက်ပွဲဝင်စိတ် ရှိမှုအပေါ် ကြည့်ပြီး ဒီနေရာကို ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းကို အရင်ရောက်ရှိခဲ့တဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဒစ်ဂ်နေးကိုလည်း အသင်းအကြောင်း မေးမြန်းကြည့်ပြီးတဲ့အချိန်မှာ ပြောင်းရွှေ့ဖို့ သေချာသွားခဲ့တယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒရီဂိုးမက်ဇ်ဟာလည်း ပေါင် ၂ သန်း တန်ကြေးရှိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အခုနှစ်ရာသီအစမှာ ကစားသမားခေါ်ယူမှု အကောင်းဆုံး ပြုလုပ်ထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up