ကမ္ဘာ့ဖလားရရှိခဲ့သည့် အသင်းကစားသမား ၃ ဦးကို ပီအက်စ်ဂျီ ဂုဏ်ပြု

ပီအက်​စ်​ဂျီအသင်းဟာ သူတို့အသင်းက ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ကစားသမား ၃ ဦးအတွက်​ ဂုဏ်​ပြုပွဲ​တခု လေ့ကျင့်​​​ရေးအစီအစဉ်​မှာ ပြုလုပ်​​ပေးခဲ့ပါတယ်​။ အမ်​ဘာပီ၊ ကင်​ပန်​ဘီ၊​ အေရီယိုလာတို့ဟာ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပြင်​သစ်​အသင်းမှာ ပါဝင်​ခဲ့ပြီး​ အန်​ဘာ​ပီဟာလည်း အ​ကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်​။ အဖြူ၊ အနီ၊ အပြာ စက္ကူ​တွေ​ လေ​ပေါ်ပစ်​လွှတ်​ပြီး ပြင်​သစ်​နိုင်​ငံ​တော်​သီချင်းနဲ့အတူ အသင်း​ဖော်​​တွေအားလုံးက လက်​ခုပ်​တီး ဂုဏ်​ပြုခဲ့တာလည်း ဖြစ်​ပါတယ်​။ အန်​ဘာပီအ​နေနဲ့ အ​ကောင်းဆုံး​ ခြေစွမ်းပြနိုင်​ခဲ့​ပေမယ့် ကင်​ပန်​ဘီက​တော့ ပြင်​သစ်​အသင်းအတွက်​ ၁ ပွဲပဲ ကစားခဲ့ရသလို ဂိုးသမား​ အေရီယိုလာက​တော့ တတိယပွဲထွက်​ ကစားသမား စာရင်းမှာပဲ ပါဝင်​ခဲ့တာပါ။ ဒါ​ပေမယ့်​လည်း အနာဂတ်​မှာ ပြင်​သစ်​အသင်းအတွက်​ အဓိက ကစားသမား​တွေ ဖြစ်​လာမယ်​လို့ အသင်း​ဖော်​​တွေက အား​ပေးခဲ့ကြပါတယ်​။ လက်​ရှိအချိန်​မှာ​တော့ ပီအက်စ်​ဂျီအသင်းကို ကစားသမား​ အစုံအလင်​ ပြန်​လည်​​ရောက်​ရှိလာပြီး ​တိုက်စစ်မှူး နေမာကလည်း အန်​ဘာပီအတွက်​ ဂုဏ်​ပြုစကား​ ပြောကြားခဲ့ပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up