တရုတ်ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိဟု အတည်ပြု

ဓာတ်ပုံ - REPRESENTATIONAL IMAGE
တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်မှာ သြဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း မတော်တဆမှုမှာ သေဆုံးသူ ၁၃ ဦးရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ပန်ကျိုးမြို့ ကျီမူဂါ ကျောက်မီးသွေးမိုင်းတွင်းမှာ ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး ပြိုကျချိန်တုန်းကတော့ ၄ ဦးသေဆုံး၊ ၉ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နာရီ ၅၀ ကြာ ရှာဖွေခဲ့အပြီး သြဂုတ် ၈ ရက် ညသန်းခေါင်မှာ ပျောက်ဆုံးနေသူ အလောင်းတွေကို ရှာတွေ့ခဲ့ပြီးတဲ့နောက် ရှာဖွေကယ်ဆယ်ရေး ရပ်ဆိုင်းလိုက်ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနတွေကတော့ မိုင်းတွင်းလုပ်ငန်းဟာ လုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ လုပ်ငန်းခွင်ဘေးကင်းမှု ခွင့်ပြုချက်တွေ ရရှိထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာ နောက်ထပ် အခုလို မိုင်းတွင်းမတော်တဆမှုတွေ ထပ်မဖြစ်အောင် လုပန်းရွှေမြို့မှာ လုံခြုံရေးစစ်ဆေးတာတွေ လုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up