အိုင်အက်စ်နှင့် ဆက်စပ်နေသူ ၅ ဦးကို သြစတြေးလျ နိုင်ငံသားအဖြစ်မှ ပယ်ဖျက်

ဓာတ်ပုံ - Rudaw
အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုရှိနေတဲ့ သြစတြေးလျနိုင်ငံသား ၅ ဦးကို သြစတြေးလျ အစိုးရက နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အိုင်အက်စ် အကြမ်းဖက်သမားတွေဆီကို သွားရောက်ခဲ့ကြတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ သြစတြေးလျ ပြည်ထဲရေးဝန်ကြီး ပီတာဒူတန်က သြဂုတ် ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ နှစ်နိုင်ငံသား ခံယူခွင့်ဆိုင်ရာ ဥပဒေအရ သြစတြေးလျ နိုင်ငံသားတဦးဟာ အခုလို အကြမ်းဖက်မှုနဲ့ ပတ်သက်ခဲ့ပါက နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ သြစတြေးလျမှာ အဲဒီဥပဒေကြောင့် အခုချိန်ထိ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခဲ့သူ ၆ ဦးထိ ရှိသွားပြီဖြစ်ပါတယ်။ ဆစ်ဒနီမြို့မှာ မွေးဖွားတဲ့ သြစတြေးလျနိုင်ငံသား ခါလတ် ရှာရွတ်ဖ် ဆိုသူဟာလည်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် ၂၀၁၃ ခုနှစ်မှာ သြစတြေးလျနိုင်ငံသား အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up