Thursday, June 8, 2023
HomeLead Storyထိုင်းကို ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးပြီး မြန်မာယူ-၁၆ ဗိုလ်လုပွဲနှင့်လွဲချော် (ရုပ်သံ)

ထိုင်းကို ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးပြီး မြန်မာယူ-၁၆ ဗိုလ်လုပွဲနှင့်လွဲချော် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ ထိုင်းက ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။

မြန်မာအသင်းက ထိုင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ရတဲ့အခွင့်အရေးတွေကို အပိုင်အသုံးမချနိုင်ဘဲ ဗိုလ်လုပွဲတက်လှမ်းနိုင်တဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့တာပါ။

ထိုင်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းမှာ သွင်းယူသွားပါတယ်။

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းက ပွဲချိန် ၇၂ မိနစ်မှာ ကန်ခွင့်ရတဲ့ ပယ်နယ်တီသွင်းဂိုး တဂိုးတည်းနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် တတိယလုပွဲအဖြစ် သြဂုတ် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ မြန်မာနဲ့ မလေးရှားတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ကတော့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular