ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီဟု ရီးရဲလ် ကြေညာ

980
ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက တရားဝင် ကြေညာလိုက်ပါတယ်။
ရီးရဲလ်အသင်းဟာ ကော့တွိုက်စ်ကို ၆ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး အသင်းရဲ့ တရားဝင် တွစ်တာ စာမျက်နှာကနေ ထုတ်ပြန်ကြေညာခဲ့တာပါ။
ကော့တွိုက်စ်ကို ကြာသပတေးနေ့ ဆေးစစ်မှာဖြစ်ပြီး အပြီးသတ်စာချုပ်မှာ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ရီးရဲလ်ကွင်းလယ် ကစားသမား ကိုဗာဆစ်က ချဲလ်ဆီးအသင်းထံ တရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့မှာပါ။
ချဲလ်ဆီးအသင်းဟာ ဂိုးသမား ကော့တွိုက်စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘီလ်ဘာအိုဂိုးသမား အရစ်ဇာဘလာဂါကို စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းအထိ ပေးပြီး ခေါ်ယူခဲ့ပါတယ်။