Monday, June 5, 2023
HomeLead Storyချီလီသမ္မတဟောင်းကို ကုလ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်

ချီလီသမ္မတဟောင်းကို ကုလ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ချီလီသမ္မတဟောင်း မီရှယ်ဘာချယ်လက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်လိုက်ပါတယ်။

ချီလီသမ္မတအဖြစ် ၂ဝဝ၆ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မီရှယ် ဘာချယ်လက်ကို အရင် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း လက်ထက်တုန်းကလည်း ကုလသမဂ္ဂ အမျိုးသမီးရေးရာအေဂျင်စီ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။

မီရှယ်ဘာချယ်လက်ရဲ့ ဖခင်ဟာ လေတပ်ဗိုလ်ချုပ်ကြီးတဦးဖြစ်ပြီး ၁၉၇၃ ခုနှစ်က မက်စ်ဝါဒီ သမ္မတ ဆလာဗေဒေါကို စစ်တပ်က အာဏာသိမ်းပြီး ရာထူးကနေ ဖယ်ရှားနိုင်ခဲ့ရာမှာ စစ်တပ်ကို ထောက်ခံခဲ့ခြင်း မရှိတာကြောင့် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးထောင်ချခံရသူ ဖြစ်ပါတယ်။

အဲဒီကာလက အသက် ၂၃ နှစ်အရွယ် မီရှယ်ဘာချယ်လက်ဟာလည်း လျှို့ဝှက်ထောင်တခုမှာ သီတင်းနှစ်ပတ်ခန့် ညှဉ်းပန်းနှိပ်စက်ခံရဖူးသူ ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular