ခံစစ်ကစားသမားများ ဒဏ်ရာပြဿနာရှိသော်လည်း စိုးရိမ်စရာမရှိဟု လီဗာပူးနည်းပြပြော

ဓာတ်ပုံ - Getty
ခံစစ်ကစားသမားတွေ ဒဏ်ရာပြဿနာ ရှိနေပေမယ့် စိုးရိမ်စရာမရှိဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းမှာ ဂျိုးလ်ဂိုမက်ဇ်၊ မာတစ်နဲ့ ကလာဗန်တို့ ဒဏ်ရာရရှိနေပြီး အဓိကနောက်ခံလူ လိုဗရန်ဟာလည်း အားလပ်ရက်ကနေ ပြန်လာပြီး အသင်းနဲ့ပူးပေါင်းတာ မကြာသေးလို့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဂိုမက်ဇ်က ပရီးမီးယားလိဂ် အဖွင့်ပွဲကို ပြန်ကစားနိုင်မှာဖြစ်ပြီး တခြားကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝသေးတာ မှန်ကန်ပေမယ့် နောက်တန်းမှာ ကစားသမား ၁၂ ဦးလောက် မလိုအပ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဂျာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ စီးရီးအေကလပ် တိုရီနိုနဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် စီနီယာ နောက်တန်းကစားသမားအဖြစ် ဗန်ဒိုက်တဦးပဲ ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up