ယခုနှစ်ဘောလုံးရာသီ ကစားသမားသစ် ခေါ်ယူတော့မည်မဟုတ်ဟု ဂွါဒီယိုလာပြော

အခုနှစ်ဘောလုံးရာသီမှာ နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူဖို့ မရှိတော့ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ တောင်ပံကစားသမား မာရက်ဇ် တဦးကိုပဲ ခေါ်ယူထားခဲ့တာပါ။ ကွင်းလယ်ခံစစ်နေရာအတွက် ကစားသမားတွေခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဒီနှစ်ရာသီမှာတော့ နောက်ထပ်ကစားသမားသစ်တွေ ထပ်ပြီး ရောက်လာတော့မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းဆီ ရောက်ရှိသွားတဲ့ ဂျော်ဂျင်ဟိုကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကွင်းလယ်ခံစစ်နေရာမှာ ဖာနန်ဒင်ဟိုနဲ့ ဂန်ဒိုဂန်တို့ ရှိတဲ့အတွက် ခေါ်ယူဖို့ မလိုအပ်ဘူးလို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလို ရမှတ် ၁၀၀ အထိ စံချိန်တင်ဖို့ထက် ခြေစွမ်းပိုမို တိုးတက်လာဖို့ကိုပဲ ပစ်မှတ်ထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up