ဘီလ်ဘာအို ဂိုးသမား အရစ်ဇာဘလာဂါကို ချဲလ်ဆီးအသင်း ခေါ်ယူရန် သဘောတူ

ချဲလ်ဆီးအသင်းဟာ ဘီလ်ဘာအို ဂိုးသမား အရစ်ဇာဘလာဂါကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား အရစ်ဇာဘလာဂါအနေနဲ့ လန်ဒန်မြို့ကို ဆေးစစ်ဖို့ ရောက်ရှိနေပြီး မကြာမီ အပြီးသတ် စာချုပ် ချုပ်ဆိုတော့မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ ဂိုးသမား ကော့တွိုက်နဲ့ ပတ်သက်ပြီး ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေပါတယ်။ ဂိုးသမားတွေထဲမှာ လီဗာပူးဂိုးသမား အလက်ဆန်က ပေါင် ၆၆ ဒသမ ၈ သန်းနဲ့ တန်ဖိုးမြင့်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး အရစ်ဇာဘလာဂါက တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up