ချဲလ်ဆီးအသင်းနှင့် လေ့ကျင့်ခန်းဆင်းရန် ကော့တွိုက်စ် ပျက်ကွက်

835
ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ဟာ သြဂုတ် ၆ ရက်က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေက ဆိုပါတယ်။
ကော့တွိုက်စ်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။
သူ့ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ချဲလ်ဆီးအသင်းက ပေါင် ၄၅ သန်းလောက်ရမှ ရောင်းချဖို့ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကော့တွိုက်စ်ကို ရောင်းထုတ်မယ်ဆိုရင် အစားထိုးမယ့် ဂိုးသမားကိုလည်း ရှာဖွေနေပါတယ်။
ကော့တွိုက်စ်ဟာ ကမ္ဘာ့ဖလားအပြီး အားလပ်ရက် ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျနေတာဖြစ်ပြီး ဒီတပတ် စတင်လေ့ကျင့်ရမှာ ဖြစ်ပေမယ့် လာရောက်လေ့ကျင့်ခြင်း မရှိခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ကော့တွိုက်စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လက်စတာဂိုးသမား ရှမိုက်ကယ်နဲ့ စတုတ်စီးတီးဂိုးသမား ဘတ်လန်းတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။