Home
မြန်မာသတင်း
သီတင်းတပတ်အတွင်း မူးယစ်မှုပေါင်း ၂၇၀ ကျော်နှင့် လူ ၄၀၀ ကျော်ကို ဖမ်းဆီး
DVB
·
August 7, 2018
အခုသီတင်းပတ်အတွင်း နိုင်ငံတဝန်း မူးယစ်အမှုပေါင်း ၂၇၀ ကျော်နဲ့ လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးရမိ အရေးယူထားနိုင်ခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက  သြဂုတ် ၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ရရှိတဲ့မူးယစ်ဆေးဝါး သတင်းတွေကို စိစစ်ဖော်ထုတ်ပြီး နယ်စပ်ဂိတ်တွေအပါအ၀င် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေအရ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၄ ရက်အထိ မူးယစ်အမှုပေါင်း ၂၇၂ မှု၊ တရားခံ ကျား ၃၄၈ ဦးနဲ့ မ ၅၃ ဦး ပေါင်း ၄၀၁ ဦးကို ဖမ်းဆီးရ မိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၁၇၄၉ ဂရမ်ကျော်၊ အိုက်စ် ၀ ဒသမ ၉၁ ဂရမ်၊ ဘိန်းစိမ်း ၅၃၃၀ ဂရမ်ကျော်၊ အဆင့်နိမ့်ဘိန်း ၇၄ ဂရပ်ကျော်၊ ဘိန်းစာမှုန့် ၂၅၅ ဂရမ်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၂၉၁၆ ပြား၊ ဆေးခြောက် ၂၅၁၉ ဂရပ်ကျော် စတာတွေ ပါဝင်ပါတယ်။ သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို တိုင်ကြားလာတဲ့ သတင်းတွေထဲက  ပြည်ထဲရေးဌာနက သြဂုတ် ၄ ၇က်အထိ စုံစမ်းဖော်ထုတ်ချက်အရ အမှုပေါင်း ၁၀၉ မှုနဲ့ တရားခံပေါင်း ၁၆၆ ဦးကို ဘိန်းဖြူ ၁၇၃၉ ဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၄၃၂၄၆ ပြားနဲ့ ဆေးခြောက် ၁၇၅၈ ဂရမ်ကျော် စတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖမ်းမိမှုတွေထဲမှာ မန္တလေးတိုင်း ကျောက်ဆည်မြို့က အလှပြင်ဆိုင် တဆိုင်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာပါသလို မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့က အထက ကျောင်းနားမှာ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ဖြန့်ဖြူးရောင်းချနေတာတွေကို ဖမ်းမိတာ တွေလည်း ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024