Thursday, June 8, 2023
HomeLead Storyဘိုင်ယန်နောက်ခံလူ ဘိုတန်ကို မန်ယူ ခေါ်နိုင်ရေး ပြောင်းရွှေ့ကြေး အဆင်မပြေဖြစ်နေ

ဘိုင်ယန်နောက်ခံလူ ဘိုတန်ကို မန်ယူ ခေါ်နိုင်ရေး ပြောင်းရွှေ့ကြေး အဆင်မပြေဖြစ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်နောက်ခံလူ ဘိုတန်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၉ နှစ်ရှိ ဂျာမနီလက်ရွေးစင် ဘိုတန်အတွက် ပေါင် ၄၅ သန်း အလိုရှိနေပြီး မန်ယူအသင်းက အဲဒီပမာဏထက် လျှော့ချပေးဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ဘိုတန်အနေနဲ့ လာမယ့်လမှာ အသက် ၃၀ ပြည့်တော့မှာဖြစ်တာကြောင့် မန်ယူအသင်းက ပေါင်သန်း ၄၀ ဝန်းကျင်လောက် လျှော့ချပေးဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။

မန်ယူအသင်းအနေနဲ့ နောက်ခံလူတဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်စတာက မက်ဂွိုင်းယားနဲ့လည်း အဆင်မပြေဖြစ်နေဆဲလို့ သိရပါတယ်။

ဗဟိုနောက်ခံလူ ဘိုတန်ဟာ မန်ယူနဲ့ ဘိုင်ယန်ပွဲစဉ်မှာ လူစားဝင် ကစားခဲ့ပါသေးတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular