စပါးအသင်း ချန်ပီယံဆုရရန် လုံလောက်ခြင်းမရှိသေးဟု နည်းပြ ပိုချက်တီနို ပြော

ဓာတ်ပုံ - Getty
1.1K
ပြိုင်ဘက်အသင်းတွေနဲ့ မတူညီတဲ့ လက်နက်တွေနဲ့ တူညီတဲ့ ပြေးလမ်းမှာ ယှဉ်ပြိုင်ကစားနေရတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။
စပါးအသင်းအနေနဲ့ ပြိုင်ဘက်အသင်းတွေက တနှစ်ထက်တနှစ် ပိုမိုတိုးတက်လာပြီး အပြောင်းအလဲတွေ ပြုလုပ်နေချိန်မှာ ကစားသမားကောင်းတွေ ဝယ်ယူဖြည့်တင်းနိုင်ခြင်း မရှိသေးဘဲ လူငယ်တွေကိုပဲ အသုံးပြုနေရတာပါ။
ဒီအခြေအနေဟာ ချန်ပီယံဆုရဖို့ လုံလောက်မှု မရှိသေးဘဲ ပြိုင်ဘက်တွေကို ယှဉ်နိုင်ဖို့ လိုအပ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
မိမိအနေနဲ့ ပွဲစဉ်တိုင်း အနိုင်ယူချင်ပေမယ့် ကွဲပြားခြားနားတဲ့ လက်နက်တွေနဲ့ ပြိုင်ပွဲဝင်နေရတယ်လို့ ဆုဖလားတွေ ရယူနိုင်ခြင်းမရှိတာနဲ့ ပတ်သက်ပြီးလည်း ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ နည်းပြ ပိုချက်တီနို ရောက်ရှိလာတဲ့ ၄ နှစ်အတွင်းမှာ ကစားသမား ခေါ်ယူမှုအတွက် ပေါင်သန်း ၅၀ ဝန်းကျင်လောက်ပဲ အသုံးပြုခဲ့ပေမယ့် ပြိုင်ဘက်တွေက အဲဒီ ၄ နှစ်အတွင်းမှာ ပေါင်သန်း ၅၀၀ လောက် သုံးစွဲပြီး ကစားသမားကောင်းတွေ ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်။