မော်ရင်ဟိုနှင့် ပြန်လည်လက်တွဲလိုဟု ချဲလ်ဆီးကစားသမား ဝီလျံ ပြော

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲလိုတယ်လို့ ချဲလ်ဆီးကစားသမား ဝီလျံက ဝန်ခံပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုဟာ မိမိလုပ်တွဲဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့လည်း ဝီလျံက ဆိုပါတယ်။ ဒါ့အပြင် သူနဲ့ အတူအလုပ်လုပ်ရတာကို နှစ်သက်မိပြီး တချိန်ချိန်မှာ ပြန်လည် တွေ့ဆုံလိုတယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းမှာ ပျော်ရွှင်နေပြီး လန်ဒန်မှာ နေရတာကလည်း အဆင်ပြေနေတာကြောင့် ဒီကလပ်မှာ ဆက်နေလိုတယ်လို့လည်း ဝီလျံက ESPN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ဘရာဇီးကစားသမား ဝီလျံကို မန်ယူအသင်းအပြင် ဘာစီလိုနာ၊ ရီးရဲလ် စတဲ့ ထိပ်တန်းအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up