အမေရိကန် စစ်ရေးတိုးမြှင့်ခြင်းဖြင့် ခြိမ်းခြောက်၍မရဟု မက္ကဆီကိုသမ္မတ ပြော

ဓာတ်ပုံ - AFP/Alfredo Estrella
အမေရိကန်အနေနဲ့ နယ်စပ်ကို ပိတ်ပင်တာ၊ စစ်ရေးတိုးမြှင့် တည်ဆောက်တာမျိုးတွေနဲ့ ခြိမ်းခြောက်လို့ မရဘူးလို့ ရွေးကောက်ပွဲအနိုင်ရ မက္ကဆီကို သမ္မတလောင်း မန်နျူရယ် လိုပက်ဇ်က သြဂုတ် ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ အင်အားကြီးနိုင်ငံ ဖြစ်လာမှာဖြစ်ပြီး လက်ရှိ မညီမမျှဖြစ်နေတဲ့ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်မှာ ဖြစ်တယ်လို့လည်း လိုပက်ဇ်က ပြောကြားပါတယ်။ လိုပက်ဇ်ရဲ့ အခုစကားတွေဟာ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ တံတိုင်းကာပြီး နယ်စပ်ကို ပိတ်ပစ်ဖို့ ကြိုးစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က လူသတ်မှုနှုန်း စံချိန်တင် မြင့်တက်လာတာကြောင့် အမေရိကန်နယ်စပ် လုံခြုံရေး ပိုပြီးလိုအပ်တယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားတာပါ။ မက္ကဆီကိုအစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းအင်း အချက်အလက်တွေအရ မက္ကဆီကိုနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း လူသတ်မှု ၂၈,၇၁၁ မှု ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ဒီနှုန်းဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးဝါးဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်း မက္ကဆီကိုနိုင်ငံမှာ လူသတ်မှု ၁၅,၉၇၃ မှု ဖြစ်ခဲ့တယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up