အီတလီတွင် ကား ၂ စီး ခေါင်းချင်းဆိုင်တိုက်၊ လူ ၁၂ ဦး သေဆုံး

အီတလီနိုင်ငံ တောင်ပိုင်းမှာ သြဂုတ် ၆ ရက်နေ့က ဗင်ကားတစီးနဲ့ ကုန်တင် လော်ရီကားတစီး ခေါင်းချင်းဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေဟာ စိုက်ခင်းမှာ အလုပ်လုပ်တဲ့ အာဖရိကလူမျိုးတွေ ဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုဟာ အီတလီနိုင်ငံတောင်ပိုင်း ဖိုဂီယာဒေသ လက်ဆီနာမြို့မှာ ဖြစ်ပွားခဲ့ပြီး ကုန်တင်ကားပေါ်ပါ လူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဖိုဂီယာဒေသမှာ သြဂုတ် ၄ ရက်နေ့ကလည်း ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။ အီတလီနိုင်ငံက စိုက်ခင်းတွေမှာ ရာသီအလိုက် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ အလွန်နည်းပါးတဲ့ လုပ်ခငွေကြေးကိုသာ ရရှိနေကြပါတယ်။ သြဂုတ် ၄ ရက်နေ့က ယာဉ်တိုက်မှုအပြီးမှာ  စိုက်ခင်းအလုပ်သမား သမဂ္ဂအဖွဲ့တဖွဲ့က သြဂုတ် ၈ ရက်နေ့မှာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up