မုံရွာမြို့တွင် ရှစ်လေးလုံး နှစ် ၃၀ ပြည့် အထိမ်းအမှတ် ခွပ်ဒေါင်းအလံများ လွှင့်ထူ

ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားကို မုံရွာမြို့ခံ နိုင်ငံရေးအင်အားစုတွေက မုံရွာ မြို့တော်ခန်းမမှာ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အကြိုအဖြစ် မြို့တော်ခန်းမရှေ့မှာ ခွပ်ဒေါင်းအလံ ၁၄ လက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသာတွေ စုပေါင်းပြီး အလံတင် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ မနက်ဖြန်မှာလည်း မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ရှစ်လေးလုံး အမှတ်တရ ပြကွက်တွေ၊ သရုပ်ဖော်မှုတွေ၊ အတွေ့အကြုံ ဟောပြောမှုတွေနဲ့ စည်စည်ကားကား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားတွေကို တနိုင်ငံလုံးမှာလည်း စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up