အင်ဒိုငလျင်ကြောင့် သေဆုံးသူ ၉၈ ဦးထိရှိပြီး ထပ်မံမြင့်တက်ဖွယ်ရှိ

ဓာတ်ပုံ - EPA
အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ မြေငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၉၈ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်ဖွယ်ရှိသလို လူပေါင်းရာချီပြီး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း လူပေါင်း ၂၀ သေဆုံးခဲ့ရတဲ့ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပါသေးတယ်။ နောက်ဆက်တွဲ ငလျင် အများအပြား လှုပ်ခတ်ခဲ့တာကြောင့်လည်း လွမ်ဘော့ကျွန်းနဲ့ အနီးဝန်းကျင် ဘာလီကျွန်းတွေမှာ ထိတ်လန့်မှုတွေ ဖြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေနဲ့ ခရီးသွားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ သမ္မတ ဝီဒိုဒိုကလည်း သဘာဝဘေးအန္တရာယ် ကိုင်တွယ်ရာမှာ အရေးပေါ်လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ “မြေငလျင် လျော့ပါးသက်သာရေးကို အတတ်နိုင်ဆုံး အမြန်ဆောင်ရွက်ရမှာပါ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အမြန်ဆုံး နေရာပြောင်းရွှေ့ပြီး သူတို့တွေကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံရမှာ ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေနဲ့ တခြားအရာတွေ မှန်ကန်အောင်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ သမ္မတ ဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up