Home
Lead Story
မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ စတင်ကျင်းပ (ဓာတ်ပုံ)
DVB
·
August 7, 2018
မြန်မာ့နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ဒီနေ့ ကျင်းပနေပါတယ်။ နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ပြုလုပ်နေပြီး ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားတန်း တူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး ဆွေးနွေးပွဲတွေ မနေ့က ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်း ပထမပိုင်းမှာ စစ်အာဏာရှင်တို့ရဲ့ နိုင်ငံရေးထိန်းချုပ်မှုအတိုင်းအဆ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပြုလုပ်နေပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ရဟန်းသံဃာတွေ ဒေသအသီးသီးက ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေ ဆွေးနွေးနေကြတာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024