Home
အနုပညာ
စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့ပါဝင်သည့် ဣတ္ထိယရုပ်ရှင် (နမူနာ)
DVB
·
August 7, 2018
ဝါရင့်အမျိုးသမီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့နဲ့အတူ သရုပ်ဆောင်မင်းသား အလင်းရောင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဣတ္ထိယ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ညာလက်တော်ရဲ့ ဇာတ်လမ်းကို ဆူးခက်မင်းက ဇာတ်ညွှန်းရေးပေးထားတဲ့ ဒီရုပ်ရှင်ကားကို စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဣတ္ထိယဆိုတဲ့အတိုင်း အမျိုးသမီးဇာတ်ကောင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး လုံးကြီးတင်၊ သေးသေးတင်၊ စံခတ် စတဲ့ ထူးထူးဆန်းဆန်း နာမည်တွေနဲ့ ညီအစ်မ ၃ ယောက်ရဲ့ ဟာသဆန်ဆန် သရုပ်ဆောင်မှုတွေနဲ့ ကျေးလက်ဟာသ ဒရာမာပုံစံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီညီအစ်မ ၃ ယောက် နေရာမှာတော့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်နဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်မင်းသား အလင်းရောင်ကတော့ လုလင်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားခဲ့တာပါ။ အလင်းရောင်ဟာ လက်ရှိ ရုံတင်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ရုပ်ရှင်ကားမှာလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတာမို့ ဒီကားထဲမှာရော ဝါရင့်မင်းသမီးတွေနဲ့ ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား နမူနာဟာလည်း ထွက်မလာခင်ကတည်းက ပရိသတ်တွေကြား နာမည်ကြီးနေခဲ့ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024