ပေါ်တူဂီတွင် အပူချိန် မြင့်တက်နေပြီး အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်

ဥရောပနိုင်ငံ အတော်များများမှာ အကြီးစား အပူလှိုင်း ဖြတ်သန်းနေလို့ ပေါ်တူဂီနိုင်ငံမှာလည်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်တဲ့အထိ အပူချိန်မြင့်နေပြီး ကမ်ဘရာမြို့လယ်မှာ လူအများစုဟာ အိမ်ထဲမှာပဲ နေကြရပါတယ်။ ပေါ်တူဂီနိုင်ငံမှာ ၂၀၀၃ ခုနှစ်က အပူချိန် ၄၇ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ စံချိန်တင်ခဲ့ဖူးပါတယ်။ ဒေသခံတဦးဖြစ်တဲ့ ဂျူအန်နာက "အပူချိန်က အခု ၄၂ ဒီဂရီထိ ရှိနေတယ်၊ လမ်းပေါ်က အပူလှိုင်းကို ခင်ဗျား ခံစားနိုင်တယ်" လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်က အပူချိန်ကြောင့် မြို့နားမှာ တောမီးလောင်ခဲ့တဲ့အတွက် နောက်တကြိမ် တောမီးတွေ လောင်မှာကို စိုးရိမ်နေကြပါတယ်။ အပူချိန်က မနှစ်ကထက် ပိုပူနေတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။ အရေးပေါ်ဌာနက အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆေးဘက်ဝန်ထမ်းတွေ၊ ရဲနဲ့ မီးသတ်သမားတွေကိုလည်း အသင့်ပြင်ထားဖို့ နှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up