Thursday, June 8, 2023
HomeLead Storyအာဆင်နယ် နောက်ခံလူ ကိုလာစီနက် ၁၀ ပတ်ခန့် အနားယူရမည်

အာဆင်နယ် နောက်ခံလူ ကိုလာစီနက် ၁၀ ပတ်ခန့် အနားယူရမည်

အာဆင်နယ်အသင်းရဲ့ ဘော့စနီးယား ကစားသမား ကိုလာစီနက်ဟာ ဒူးဒဏ်ရာကြောင့် ၈ ပတ်ကနေ ၁၀ ပတ်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ရာသီအကြို ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနားယူရဖို့ သေချာသွားခဲ့တာပါ။

ဒါကြောင့် ညာနောက်ခံလူနေရာကို နာချိုမွန်ရီရယ်ပဲ ပွဲထွက်လာဖို့ ရှိနေပြီး လာမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ပွဲစဉ်အတွက်လည်း အဲဒီ စပိန်နောက်ခံလူကိုပဲ ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။

လက်ရှိအချိန်အထိ ရမ်ဆေးရဲ့ ဒဏ်ရာပြဿနာကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးသလို အသင်းခေါင်းဆောင်ဟောင်း ကိုစီရယ်နီရဲ့ ဒဏ်ရာဟာလည်း အရှင်းပျောက်ကင်းခြင်း မရှိသေးတဲ့အတွက် ပြန်မလာနိုင်သေးဘူးလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular