ဒီမိုကရေစီနှစ် ၃၀ ခရီး ဆွေးနွေးပွဲ အနှစ်ချုပ် တင်ပြချက် (ရုပ်သံ)
DVB
·
August 6, 2018
ဒီမိုကရေစီနှစ် ၃၀ ခရီးဆွေးနွေးပွဲအကြောင်းအနှစ်ချုပ်ကို ဒီဗွီဘီသတင်းဌာနက ကိုအေးနိုင်နဲ့ မစကားဝါအောင်တို့ တင်ဆက်ပေးပါတယ်။
သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးက ဘာတွေတောင်းဆိုခဲ့သလဲ၊ ဘာတွေရခဲ့သလဲ၊ အရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ ပြည့်မီအောင် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဘာတွေ အကြံပေးမလဲစတဲ့ ဒီမိုကရေစီနှစ် ၃၀ ခရီး ခေါင်းစဉ်နဲ့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ဆွေးနွေးခဲ့ကြပါတယ်။
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ပြုလုပ်နေပြီး ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ် ဆိုတဲ့ ခေါင်းစဉ် ၃ ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။