A d v e r t i s e m e n t With Us

ဂိုးသမား ကော့တွိုက်စ်ကို အသင်းမှ ထွက်ခွင့်ပြုမည်ဟု ချဲလ်ဆီးနည်းပြ ပြော

ဂိုးသမား ကော့တွိုက်စ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်တယ်ဆိုရင် ထွက်ခွာခွင့်ပြုဖို့ နည်းပြ မော်ရီဇီယိုဆာရီက ဆုံးဖြတ်ထားပါတယ်။ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်ကို ရီးရဲလ်အသင်းက အလိုရှိနေပြီး ကစာသမား ကိုယ်တိုင်ကလည်း သူ့ရဲ့ဇနီးနဲ့ ကလေး အခြေချနေထိုင်တဲ့ မက်ဒရစ်မြို့ဆီ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ နည်းပြဆာရီကို ကော့တွိုက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မိမိအနေနဲ့ သူ့ရဲ့ဆန္ဒကို အရင်သိရှိချင်ပြီး အသင်းပြောင်းရွှေ့ချင်တယ် ဆိုရင်တော့ ကလပ်နဲ့ စကားပြောဆိုသွားမယ်လို့ ဆိုပါတယ်။ ကော့တွိုက်စ်ဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကော့တွိုက်စ်ကတော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up