ရီးရဲလ်နောက်ခံလူ ဟာနန်ဒက်စ်ကို ဖူလ်ဟမ်အသင်း အငှားခေါ်ယူရန် ပြင်ဆင်

အပြောင်းအရွှေ့ အတော်များများ ပြုလုပ်ထားနိုင်တဲ့ တန်းတက် ဖူလ်ဟမ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ သီယိုဟာနန်ဒက်စ်ကို အငှါးစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အက်သလက်တီကိုအသင်းကနေ ၆ နှစ်စာချုပ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာနန်ဒက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ဆမ်ဒိုးရီးယား ကွင်းလယ်ကစားသမား ပရာရက်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တခြားကစားသမား အတော်များများကိုလည်း အပြောင်းအရွှေ့မပိတ်မီ ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။ မီထရိုဗစ်၊ ဖေဘရီစီယို၊ မော်ဆင်၊ ရှာရယ်တို့ကို ခေါ်ယူထားခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းရေး ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းက ဂျင်းန်မိုက်ကယ်ဆာရီနဲ့ မာချန်တို့ကိုလည်း ခေါ်ယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up