ရှစ်လေးလုံး အရေးတော်ပုံအတွင်း အ.က.သကျောင်းသားများ၏ လှုပ်ရှားမှုမှတ်တမ်း (ဓာတ်ပုံ)
DVB
·
August 6, 2018
ရန်ကုန်တက္ကသိုလ်မှာ ဒီနေ့ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားမှာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂကလည်း ပြခန်းဖွင့်လှစ်ထားပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း အ.က.သ ကျောင်းသားတွေရဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ပြသထားတဲ့အပြင် “ဆန္ဒပြသူများ သောက်သုံးရန်”လို့ စာတမ်းရေးထားတဲ့ သောက်ရေအိုးလေးလုံးကို ထည့်သွင်းပြသထားတဲ့အတွက် ရှစ်လေးလုံး ကာလ ဆန္ဒပြမှုများကို ပြန်ပြောင်း အမှတ်ရစေနိုင်ပါတယ်။